ယူကရိန်းကို အဆင့်မြင့်ဒုံးကျည်တွေ ပေးဖို့ အမေရိကန်က ဆုံးဖြတ်

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Added by MiAmigo
78 Views
ယူကရိန်းကို အဆင့်မြင့်ဒုံးကျည်တွေ ပေးဖို့ အမေရိကန်က ဆုံးဖြတ်
၁/၆/၂၀၂၂
မိုင် ၆၀ အထိ အတိအကျပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ယူကရိန်းကို ပေးဖို့ဆုံးဖြတ်ကြောင်း အမေရိကန်အစိုးရက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်အစိုးရက သဘောတူထားတဲ့ စစ်ရေးအကူအညီတွေထဲ ဒေါ်လာ သန်း၇၀၀ တန်ဖိုးရှိတဲ့ စစ်လက်နက်အကူအညီတွေကို အခုအပတ်ထဲမှာ ဆက်လက်ပေးပို့ရာမှာ GPS စနစ်နဲ့ ပစ်မှတ်ကို အတိအကျပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ပါဝင်မယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ ရုရှားရဲ့ ကျုးကျော်စစ်အတိုင်းအတာကိုကြည့်ပြီး ခုခံကာကွယ်နိုင်မဲ့ လက်နက်တွေကူညီမယ်လို့ပြောခဲ့တဲ့အတိုင်း လက်ရှိအနေအထားဟာ ရုရှားတပ်တွေကို ဟန့်တားနိုင်မဲ့ ဒုံးကျည်တွေအရေးပေါ်လိုအပ်တဲ့အတွက် အခုလို ပစ်မှတ်ကို အတိအကျပစ်ခတ်နိုင်တဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပေးဖို့ ဆုံးဖြတ်တာလို့ ပင်တဂွန်ပြောခွင့်ရသူက ဆိုပါတယ်။ ယူကရိန်းအစိုးက ရုရှားနိုင်ငံထဲထိ ပစ်ခတ်တာမလုပ်ဘူးဆိုတဲ့ ကတိပေးချက်အရ အခုလို တာလတ်ပစ်ဒုံးကျည်တွေ ပေးဖို့ ဆုံးဖြတ်ရတာလို့လည်း ပင်တဂွန်နဲ့နီးစပ်တဲ့သတင်းတွေက ဖေါ်ပြပါတယ်။ ရုရှားအစိုးရကတော့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စစ်ပွဲကို ပိုမိုကြာမြင့်စေတဲ့ လုပ်ရပ်ဖြစ်လို့ ကန့်ကွက်ကြောင်း ချက်ခြင်းသတင်းထုတ်ပြန်ထားတာတွေ့ရသလို ရုရှားအစိုးရသတင်းဌာနတွေကလည်း အမေရိကန်နဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေကို လက်တုန့်ပြန်ဖို့ လှုံ့ဆော်ပြောဆိုနေတာတွေ့ရပါတယ်။


BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network
Category
NORWEGIAN NEWS
Commenting disabled.